ကျွန်းစုမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး (Talk Show) ပြုလုပ်

ကျွန်းစု ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်း၍ လျှပ်စစ်အန္တရာယ် ကင်းဝေးရေး အသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုး က (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းဝေယံဦးက ရပ်ကွက်/ကျေးရွာများရှိ လျှပ်စစ်မီး သုံးစွဲသူပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ်စစ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် သတိပြုရမည့် အချက် များအား ပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးခြင်း အစီအစဉ်အား ကျွန်းစုမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)