ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ထားဝယ် ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ ကမ်းနားစျေးတွင် ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေး အဖွဲ့မီးသတ်တပ်ဖွဲ့ကြက်ခြေနီတပ်ဖွဲ့များ သည် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်

အဆိုပါ အဖွဲ့များက စျေးရောင်းချသူနှင့် စျေးဝယ်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း စျေးရောင်းသည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ကြပါရေနှင့် ဆပ်ပြာဖြင့် လက်ကိုမကြာခဏ ဆေးပါတစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင်နေထိုင်ပါ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပါ နှာခေါင်းစည်းများ မတပ်လျှင် စျေးအပြင်ထွက်ပေးကြပါ စသည့် အသိပညာပေး လုပ်ငန်းများကို စျေးအတွင်းလှည့်လည်၍ အသိပညာပေး လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ် နိုင်ရေး အသိပညာ ပေးလုပ်ငန်းအတွက် အသံသွင်းထားသည့် အသံချဲ့စက်များဖြင့် စျေးသူ /စျေးသားများ လိုက်နာရမည့်အချက်များကိုလည်း လိုက်လံ အသိပေးနှိုးဆော် လျက်ရှိသည်။

စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများနှင့် ပုဂ္ဂလိကကိုယ်ပိုင်စျေးများတွင် နေ့စဉ် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်

ကျော်ကျော်လတ်(ပြန်/ဆက်)