ဟုမ္မလင်း၌ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဟုမ္မလင်း မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ မူလတန်းပြဆရာ/ ဆရာမများအား၊ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီခန့်က၊ ဟုမ္မလင်းမြို့၊ မူလွန်၊ အ.မ.က (၁) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟုမ္မလင်းခရိုင်ပညာရေးမှူး ဦးကြည်နွယ်မှ သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းမှူးဆရာကြီး ဦးဆည်းဆာက ထပ်ဆင့်အမှာစကားပြောကြားခဲ့ကာ၊ သင်တန်းနည်းပြ အင်္ဂလိပ်စာကထိက ဒေါ်အိမ့်ခြူးစံမှ ဆုံးမသြဝါဒစကားပြောကြားခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထိုနောက် သင်တန်းသူ၊ သင်တန်းသားများမှ ဆရာကြီး၊ ဆရာမကြီးများကို ဂါရဝပြုကန်တော့ကြ၍ သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသော သင်တန်းသားများအား၊ တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ကြ၍၊ သင်တန်းသူ၊ သင်တန်းသားများက၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ ဟုမ္မလင်းခရိုင်ပညာရေးမှူး ဦးကြည်နွယ်၊ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလွင်ဦး၊ သင်တန်းနည်းပြများ၊ မူလတန်းပြသင်တန်းသူ၊ သင်တန်းသားဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)