အရာတော် မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အရာတော်မြို့၌ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေး ပိုစတာစိုက်ထူခြင်းကို မေ ၂၂ ရက် နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်သည်။
ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးသီတင်ပတ်ဖြစ်သည့် မေ ၂၅ ရက်မှ ၃၁ ရက် အထိ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံရေးနေ့အသိပညာပေးပိုစတာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးဝင်း၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများက အ.ထ.က ရှေ့နှင့် လူစည်ကားရာနေရာတို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်