နတ်မောက် မေ ၂၃
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံ ရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပိတောက်ငုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် အမှတ်(၂) ဆက်သွယ်မှုလုံခြုံရေးတပ်ဗိုလ်ကြီးရာဇာဦးက သင်တန်းဆင်း မိန့်ခွန်းကိုပြောကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦး၊ အမှတ်(၂)ဆက်သွယ်မှုလုံခြုံရေးတပ် ဗိုလ်ကြီးရာဇာဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သင်တန်းသားများစုစုပေါင်း (၆၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း