တနင်္သာရီ မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် Seeder စိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဇော်က တက်ရောက်လာကြသော အကျိုးဆောင်တောင်သူများကို Seeder စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ ပညာပေးသင်ကြားပို့ချသည်။
အဆိုပါသင်တန်းအပြီးတွင် အကျိုးဆောင်တောင်သူများ လက်တွေ့အသုံးပြုနိုင်ရေးအတွက် စပါးမျိုးစေ့ချကိရိယာ Seeder များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီ(ပြန်/ဆက်)