ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် စိုက်ပျိုး‌ရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

လက်ပံတန်း မေ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာ Home Garden စီမံချက်ဖြင့် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် တစ်ဧကစိုက်ခင်းသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ စားဖိုဆောင်စားသုံးမှု ဖူလုံရေးအတွက် ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ခရမ်း၊ သခွါး ဟင်းသီးဟင်းရွက်သီးနှံများ မိမိတို့အိမ်ခြံတွင် တစ်ပိုင်တစ်နိုင် စနစ်တကျစိုက်ပျိုးခြင်းဖြင့် စားဖိုဆောင်စားသုံးစရိတ်ဖူလုဲမှု ရရှိမည်ဖြစ်ကြောင်း မှာကြားပြီး Home Garden စိုက်ပျိုးရန် ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ်များပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)