မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား များအား ဆန်၊ ဆီ၊ ဘဲဥနှင့်  ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မော်လမြိုင်ကျွန်း    မေ    ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တွင်  ဆန်၊ ဆီ၊ ဘဲဥနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကိုယမန်နေ့နံနက်ပိုင်းက အမှတ် (၅)ရပ်ကွက် (၁၃)  လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင်ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် တိုင်းရင်းဆေး ဦးစီးဌာနဝန်ထမ်းများက  သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်း အောက်စီဂျင်များစစ်ပေးခြင်း၊  အေထြေထြရာဂါလူနာများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရောင်းချပေး ခဲ့သည်။

အဆိုပါ ဆောင်ရွက်ပေးသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊   မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ အဖွဲ့ဝင်တို့ကကြည့်ရှုအားပေးခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အငြိမ်းစားဝန်ထမ်းများအားကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် အာဟာရအစားစာများလည်း လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)