ကျွန်းလှမြို့နယ်၌ ဆေးလိပ် ဆေးရွက်ကြီး အန္တရာယ်အကြောင်း အသိပညာပေးဟော ပြောခြင်းနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ကျွန်းလှ မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်အကြောင်း သိပညာပေးဟောပြောခြင်းနှင့် သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြိုနယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ဆောင်ရွက်သည်။

အဆိုပါ ဟောပြောပွဲတွင် ကျွန်းလှမြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ဝိုင်းဝိုင်းချစ်က ဆေးလိပ်ဆေးရွက်ကြီး အမျိုးအစားများ၊ ဆေးလိပ် ဆေးရွက်ကြီး အန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်မိုးဆန်း ဦးဆောင်သော ဆရာ၊ ဆရာမများက သက်ကြီး ဘိုးဘွားများအား ဆီးချိုစစ်ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေးစစ် ဆေးပေးခြင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ