ရွှေကျင် မေ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ရေနေသယံဇာတထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ယနေ့နံနက် (၁၀) နာရီက ရွှေကျင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းဟောပြောခဲ့သည်။
ဟောပြောပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စုစုခိုင်မှ ရေနေသယံဇာတထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာများ၊ ငါးရစ်ငါးသန်ကာလ ကာကွယ်တားဆီးထိန်းသိမ်းစောင့်ရှောက်ရန်အချက်များ၊ ငါးမျိုးဖြုန်းတီမှုများမှ ကာကွယ်တားဆီးမှုအချက်များကို အကျယ်တဝင့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)