အိမ်မဲ မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ (မြို့နယ်အဆင့်)ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင်အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့် အမှာစကားများကိုလည်းကောင်း၊ အိမ်မဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး ကအမှာစကားများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်သင်းသင်းလွင်က သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းများအားလည်းကောင်း အသီးသီးအကျယ်တဝင့်ပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြ (၈)ဦးမှသင်တန်းသား/သူ (၉၄) ဦးအားစာတွေ့လက်တွေ့ သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၅)ရက် ကြာမြင့်မည့်ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)