ကန်ကြီးထောင့် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ အမှတ်စဥ် (၁/၂၀၂၆) သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကို မေလ ၂၂ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနတွင်ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းယုနိုင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက သင်တန်းပြီးဆုံးပြီးနောက် မိမိတို့ လေ့လာမှတ်ထားမှုများအား မမေ့မလျော့ပဲ အကြိုးရှိစွာ အသုံးချတတ်ကြရန်နှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ခဲ့ကြပြီးနောက် မီးသတ်ဆေးဘူးဖြင့်လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဥ် များဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် အပေါ့စားမီးသတ်စက်ဖြင့် မီးငြှိမ်းသတ်ခြင်းများအား လက်တွေ့ သရုပ်ပြလေ့ကျင့်ပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)