ရေတာရှည် မေ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာမှ ဒေသခံတောင်သူ ဒေါ်ခင်တုတ်၏ကွင်း၌ စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးနေမှုကို ခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆင်းရာတွင် စပါးမျိုးစေ့ချကိရိယာကိုတွင်ကျယ်စွာ အသုံးပြုလာစေရန် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့အသွင် ကူးပြောင်းဆောင်ရွက်ခြင်းဖြင့် လုပ်သားရှားပါးမှုအခက်အခဲနှင့် အချိန်တိုအတွင်း စိုက်ဧကများ စိုက်ပျိုးနိုင်သည့်အပြင် စပါးပန်းတိုင်အထွက်နှုန်းကောင်းမွန်စေသည့်အကျိုးများစွာ ရရှိစေကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သပြေတန်းကျေးရွာရှိ တောင်သူ ဒေါ်ခင်တုတ်ကွင်းတွင် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စပါးလက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)