ငပုတော မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် အခမ်းအနားမှူး သင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက သင်တန်းတွင်ပို့ချခဲ့သော အကြောင်းအရာများကို စာတွေ့လက်တွေ့ လေ့ကျင်ကြရန် ပြောကြားခဲ့ပြီး သင်တန်းသူ၊ သင်တန်းသားများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)