ဝေါမြို့နယ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဝေါ မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်း (ဝေါ) သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာက သင်တန်းသား၊ သင်တန်းသူများ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ကို သေချာသင်ယူရန်နှင့် ပြန်လည်သင်ကြားပို့ချရန် အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းနုက သင်တန်းသား၊ သင်တန်းသူများကို စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားကို မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာ၊ ဌာနဆိုင်ရာအကြီးအကဲများတို့က တက်ရောက်ခဲ့ကြပြီး၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၂) ဦးတို့အား နည်းပြဆရာ ၉ ဦးဖြင့် မေလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)