ကော့ကရိတ်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ 

ကော့ကရိတ် မေ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၇)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် ခရိုင်ပညာရေးမှူးရုံးရှေ့တို့၌ ကျင်းပသည်။

အခမ်းနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ တတ်ရောက်ခဲ့ကြပြီး မြေစိုက်ဘုတ်ကိုစိုက်ထူကာ အမွှေးနံ့သာများပက်ဖျန်းခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)