မြဝတီ မေ ၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကိုလစဉ် ပုံမှန်၂၁ရက်တွင် ထုတ်ပေးလျက်ရှိရာယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် ကာယကံရှင်ကိုယ်တိုင်ထုတ်ယူနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်အရွယ်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာငွေများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးထားကြောင်း တာဝန်ရှိသူထံမှသိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)