မြို့သစ် မေ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယနေ့နံနက် ၇ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပသည်။
အခမ်းအနားသို့ မြို့သစ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိုက်ထူထားသော ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ပြီး အဆိုပါကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာရှေ့တွင် မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြာင်း သိရသည်။
သန်းဝင်းထွန်း ပြန်ဆက်