ကန့်ဘလူ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်များရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၂ ရက်နံနက်က ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာ၌ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်းနှင့် တိရစ္တာန်ကျန်းမာရေးလုပ်သားများက နတ်ပေးကျေးရှိ တောင်သူများ၏နေ အိမ်သို့လိုက်လံပြီး နွားအကောင်ရေ ၂၆၅ ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ထောင့်သန်းရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းနှင့် တိရစ္ဆာန်များတွင် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)