မင်းဘူး မေ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာကာကွယ်ရေးနှင့် အကြမ်းဖက်သူများကို နှိမ်နင်းနိုင်ရန်ဖွဲ့စည်းထားရှိသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၈၈)ခြေလျင်တပ်ရင်းရှိ အောင်စစ်သည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် တပ်နယ်မှူးကိုယ်စား မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေလွင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းကြီးကြပ်အဖွဲ့များနှင့် သင်တန်းသားများအတွက်ပေးအပ်သော ဂုဏ်ပြုပံ့ပိုးငွေများနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့သည်။
မင်းဘူးမြို့၌ ဒေသတွင်းနယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကာကွယ်ရေးနှင့် အကြမ်းဖက်သူများကိုနှိမ်နင်းနိုင်စေရန်ရည်ရွယ်၍ ဖွဲ့စည်းထားရှိသည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)ကို သင်တန်းသား ၅၀ ဦးဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ၂၇ ရက်မှ မေလ ၂၄ ရက်နေ့အထိ ရက်သတ္တ (၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအပြင် သင်တန်းနှင့်သက်ဆိုင်သည့် သာသာရပ်များကို ကျွမ်းကျင်နည်းပြများက စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)