ပြင်စလူ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြင်စလူမြို့တွင် မြို့မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် (၈)နာရီ အချိန်ခန့်က စတင်၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြင်စလူမြို့အတွင်းတွင် မီးလန့်မှုမီးလောင်မှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်း ၊ မီးလောင်မှုများ ပေါ်ပေါက်လာပါက လျှင်လျှင် မြန်မြန်နှင့် ဆုံးရှံးမှုတန်ဖိုးနည်းပါးစေရန် တပ်ဖွဲ့ဝင်များ ကျွမ်းကျင်မှုရှိစေရေးတို့အတွက် မီးသတ်ယာဥ်များဖြင့် အပတ်စဥ်ရေစိုလေ့ကျင့်ခန်းများ ၊ ပြင်စလူမြို့ မီးသတ်တပ်ဖွဲ့များ ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ ပူးတွဲလေ့ကျင့်ခြင်းများ ၊ ပြင်စလူမြို့အတွင်းရှိ မြို့ပေါ် ရပ်ကွက် ကျေးရွာများ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း မီးကြွင်းမီးကျန်များစစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြင်စလူမြို့ မီးသတ်ဦးစီးမှူးမှ အနီးကပ် ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ပြင်စလူမြို့