အင်္ဂပူမြို့တွင် အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

အင်္ဂပူ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းက ပင်စင်လာရောက်ထုတ်ယူကြ‌သည့် အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုနှင့် တိုင်းရင်း‌ဆေးနှင့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်သို့မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များက ကြည်ရှုအား‌ပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အင်္ဂပူမြို့နယ် မြန်မာ့စီးပွား‌ရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် မြန်မာ့စီးပွား‌ရေးဘဏ်ဝန်ထမ်းများ ပူးပေါင်း၍ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းနှင့် တိုင်းရင်းဆေးဖြင့်ကျန်းမာရေး (အခမဲ့) စောင့်ရှောက်ခြင်း၊ မုန့်နှင့်နွားနို့ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)