ကန့်ဘလူ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ် (၅) ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်း ကျောင်းတွင် စာသင်ဆောင်သစ်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကစတင် ဆောက်လုပ်ခဲ့ရာ ယနေ့ထိဆောက်လုပ်မှုမှာ ၆၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ စာသင်ဆောင်သစ်မှာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၈ ဒသမ ၂ သန်းဖြင့် အလျားပေ ၁၀၀ ၊အနံပေ ၃၀ နှစ်ထပ် Steel Structure ဖြစ်ပြီး တင်ဒါအောင်မြင်သည့် ခန့်ညားရတနာဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်း ဖြစ်သည်။
ယင်းစာသင်ဆောင်သစ် ဆောက်လုပ်ပြီးစီးသွားပါက အမှတ်(၅) ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ တက်ရောက်ပညာသင်ကြား နေသော ကျောင်းသား ကျောင်းသူများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြောင်းရွေ့လာမည့် ကျောင်းသားများအတွက်ပါ အဆင်ပြေသွား မည်ဖြစ်ကြောင်း အမှတ် (၅) ရပ်နေ ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)