ပုလောမြို့နယ်၌ မိုး(စပါး)စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေး

ပုလော မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုလောဘဏ်ခွဲ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုး(စပါး) စိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက တောင်သူများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂၀၂၆ မိုး(စပါး)စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူ (၁၅၉)ဦးကို တစ်ဧကလျှင် ငွေကျပ်(၃)သိန်းနှုန်းဖြင့် လယ်ဧက(၁၀၂၀)ဧက အတွက် သိန်းပေါင်း (၃၀၆၀)တိတိကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ မေလ ၂၂ ရက်နေ့၌ အမှတ်(၃) ရပ်ကွက်နှင့် မကျည်းကုန်းကျေးရွာနေတောင်သူ (၅၄) ဦး ဧက (၂၇၈)ဧကအတွက်  ငွေကျပ် (၈၃၄) သိန်းထုတ်ပေးခဲ့ကြောင်း သိရသည်။

ပုလော (ပြန်ဆက်)