ကြံခင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁) တွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပြန်လည်‌ ရောက်ရှိလာသူအား တာဝန်ရှိသူများက သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြု

ကြံခင်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီးမြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ သိပ္ပံလမ်းနှင့်မဟာ ဗန္ဓုလလမ်းထောင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)တွင် နိုင်ငံတော်တာဝန်ကို (၂)နှစ်ကျေပွန်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသူအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် ရပ်ကွက်နေပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြိုဆိုကြသည်။

အဆိုပါ အပတ်စဉ်(၁)တွင် နိုင်ငံတော်တာဝန်ကို (၂)နှစ် ကျေပွန်စွာဖြင့် နိုင်ငံသားကောင်းပီသစွာ နိုင်ငံ့သားကောင်းများအနေဖြင့် သတ်မှတ်စစ်မှုထမ်းကာလကို တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး မြောက်ပြီးဖြစ်၍ အသိအမှတ်ပြုလက်မှတ်၊ ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ လက်ခံပြီး မိဘရင်ခွင်သို့ ပြန်လည်ရောက်ရှိလာကြသော မောင်ရဲနိုင်စိုးအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်နေပြည်များက ဂုဏ်ပြုပန်းကုံး၊ သပြေပန်း တို့ဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြသည်။

ထို့နောက် ရွာသစ်ရပ်ကွက်ရုံးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ ဦးပြည်သိမ်းကျော်၊ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သူတို့က ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် (၂)နှစ် ကျေပွန်စွာတာဝန်ထမ်းဆောင်ပြီး မောင်ရဲနိုင်စိုးအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)