ပုလောမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာများ စိုက်ထူ

ပုလော မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ (ဗွီနိုင်း)များကို ပုလောမြို့နယ် ပညာရေးမှူးရုံးရှေ့ စိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးဆိုင်ရာ‌ မြေစိုက်ပိုစတာများ စိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ‌ ဦးဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး‌‌နှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများက "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်း‌အပ်နှံကြပါစို့" မြေစိုက်ပိုစတာ(ဗွီနိုင်း) ကို စိုက်ထူခဲ့ကြသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ  ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ‌တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)