ကျိုက်လတ် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူအား ယမန်နေ့နံနက်ပိုင်းက ကညင်ကိုင်း ကျေးရွာအုပ်စုတွင် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ဂုဏ်ပြုကြိုဆိုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝေထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများမှ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) တွင် သတ်မှတ်ကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဦးအံ့မော်ဦး BA(Myanmar) အား ဂုဏ်ပြုဆုငွေ (၁)သိန်းကျပ်နှင့်ပန်းကုံးများ၊ သပြေပန်းများဖြင့် ကြိုဆို ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)