ကျွန်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အသိပညာပေး ဆွေးနွေး

ကျွန်းလှ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအုပ် ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ဆွေးနွေးပွဲကို ဇန်နဝါရီ (၁၈) ရက်နေ့က တင်းတိန်ရံ၊ လယ်လှနှင့် ကန်‌ပေါက်ကျေးတို့၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်မှုကော်မတီ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက် ညွှန်ရေးမှူး ဒေါ်ခိုင်ခိုင်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်မြင့်ဦးက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အကြောင်း ရှင်းလင်းပြောကြားသည်။

ကျွန်းလှမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄)အုပ်စု၊ ကျေးရွာပေါင်း(၁၁၄)ရွာ ရှိကြောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အသိပညာပေးအဖွဲ့က ဇန်နဝါရီ (၁၈) ရက်မှ (၂၂) ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ