ထားဝယ်မြို့၊ သပြေချောင်းစျေးတွင် ငါးများဖြန့်ဖြူးရောင်းချပေး

ထားဝယ်      ဇန်နဝါရီ ၁၈

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ဦးစီး၍ ကိုဗစ်-၁၉ဖြစ်ပွားနေစဉ်ကာလအတွင်း ရေထွက်ကုန်ပစ္စည်း များကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချမှုအခက်အခဲများအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ငါးမျိုးစုံအား စားသုံးသူ အများပြည်သူများ သို့စျေးနှုန်း ချိုသာစွာဖြင့်လွယ်လင့်တကူဝယ်ယူစားသုံးနိုင်ရန် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့သပြေချောင်းစျေးတွင်ငါး များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်း သိရသည်

ထိုနောက်ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပူးပေါင်း၍ စားသုံးသူများ ထံသို့  ကုလားငူငါး (၁၀၀) ပိဿ တစ်ပိသာ(၃၀၀၀)နှုန်း နှင့်ငါးသလောက်(၁၅)ကောင် တစ်ကောင်လျှင် (၂၅၀၀)နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ထားဝယ် ခရိုင်အတွင်းဒုတိယအကြိမ်မြောက် ရောင်းချပေးခြင်း ဖြစ်ကြောင်း  သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)