လောင်းလုံး ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊သဗျာကျေးရွာအုပ်စု၊ ပဥ္စသီမော်ကျေးရွာမှ ပရိဘောဂလုပ်ငန်း အလုပ်ရုံတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်တွင လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စု၊ ပဥ္စသီမော်ကျေးရွာနေ ဦးချစ်မောင်၏ ပရိဘောဂ လုပ်ငန်း အလျား(၁၀)ပေ၊ အနံ (၂၅)ပေ၊ အမြင့်( ၁၅)ပေခန့်ရှိ အလုပ်ရုံတွင် ဝါယာကြိုးရှော့ဖြစ်ရာမှ မီးစတင်လောင်းကျွမ်း ခဲ့ပြီးအနီးရှိ ဦးသီးမောင် ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာခြေတံရှည်အိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့ရာ မီးလောင်ကျွမ်းရာသို့ လောင်းလုံးမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးမင်းလွင်ပါ ရဲတပ်ဖွဲ့ဝင် (၁၀)ဦး၊ မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး၊ ဦးမိုးဇော်ဦး ပါသန္ဓေမီးသတ် တပ်ဖွဲ့ ဝင်( ၁၅)ဦး ၊အရန် မီးသတ်တပ်ဖွဲ့ဝင်(၁၅) ဦးတို့ က မီးငြိမ်းသတ်ယာဉ်( ၃ )စီး၊ ရေသယ်ယာဉ် (၁)စီး၊နှင့်အတူ ရွာသူရွာသားတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီအချိန့် ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိပါကြောင်းနှင့် ဦးဖေဝင်းအား လောင်းလုံး မြို့နယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)