အထက်မင်းလှ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မင်းလှမြို့ မြို့မရဲစခန်းရှေ့လမ်းဆုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပညာရေမှူးနှင့် ဆရာ/ဆရာမများတက်ရောက်ကာ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်ကို စုပေါင်းစိုက်ထူကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြ သည်။
အဆိုပါ ဆိုင်းဘုတ်တွင်ပါရှိသည့် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပညာသင်ကြားနိုင်ရေး မိဘအုပ်ထိန်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ ပူးပေါင်းဆောင်ရွက်ကြစေရေးရည်ရွယ်စိုက်ထူခြင်းဖြစ်ကြောင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၅ ရက်မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)