ဘားအံ မေ ၂၁
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနမှ လက်ခံစောင့်ရှောက် ထားပြီး မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီစောင့်ရှောက်ရေးဂေဟာတွင် ခေတ္တ ထိန်းသိမ်းထားသော လူကုန်ကူးခံရသူ အမျိုးသမီး (၂)ဦးအား မိဘများထံသို့ ပြန်လည်လွှဲ ပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဒုရဲမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လူကုန်ကူးခံရသော ဘားအံမြို့နယ်မှ(၁)ဦး၊ လှိုင်းဘွဲမြို့နယ်မှ(၁)ဦး စုစုပေါင်း(၂)ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး မိဘအုပ်ထိန်းသူထံသို့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)