မြိတ် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁ နာရီ၅၀ မိနစ်ခန့်တွင် ဒေါ်ဝင်းနွယ် ပိုင်ဆိုင်သော အလျား(၁၄)ပေ၊ အနံ(၁၅)ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း၊ တစ်ထပ် လူနေ အိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုကြောင့် အလျား (၁၄) ပေ၊ အနံ (၁၅) ပေဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း၊ တစ်ထပ်လူနေအိမ် (၁) လုံး နှင့် အလျား(၂ဝ) ပေ၊ အနံ(၃၀) ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်ရှိ ဓနိမိုး(၄၀၀)ချပ် မီးလောင်ပျက်စီးခဲ့၍ စုစုပေါင်းတန်ဖိုး ကျပ်(၁၉၃၅ဝဝိ/-) ဆုံးရှုံးခဲ့ပြီး နေ့လယ်(၂)နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး (၂)နာရီ(၅)မိနစ်တွင် မီးငြိမ်း ခဲ့ကြောင်း၊ မီးလောင်မှုစတင်ဖြစ်ပွားချိန်တွင် DCP (3kg) မီးသတ်ဆေးဗူး (၃)ဘူးဖြင့် ကနဦး ငြိမ်းသတ်ထား သည်ကို မီးသတ်ဦးစီးဌာနမှ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
မီးလောင်မှုသတင်းအား ပြည်သူတစ်ဦးမှ ဖုန်းဖြင့် သတင်းပေးသဖြင့် ကျွဲကူးနယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ အရန်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)ဦး၊ ဗဟို မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး စုစုပေါင်း (၄) စီးတို့ဖြင့် သွားရောက်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများဖြင့် စုပေါင်းငြိမ်း သတ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက် )