စုကလိ ဇန်နဝါရီ ၁၉
ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန်နှင့် မြို့၏အင်္ဂါရပ်များနှင့်အညီဖွံ့ဖြိုး တိုးတက်စေရန် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံးငွေရင်းဖြင့် ပြုလုပ်မည့်လုပ်ငန်းများအား အဆိုပြုတင်သွင်းနိုင်ရန် နယ်မြေကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်ကစုကလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စုကလိမြို့စည်ပင်သာယာရေးအဖွဲ့ မြို့တာဝန်ခံ ဦးစည်သူကျော်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးထူးလွင်အောင် တို့က ဒေသခံ ပြည်သူများသွားလာရေးအဆင်ပြေစေရန် မြို့တွင်းသုံးလမ်းပိုင်းများခင်းကျင်းနိုင်ရေးနှင့် မြို့သာယာ လှပစေရေး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများအား အဆိုပြုတင်သွင်းနိုင်ရန်အတွက် ကွင်းဆင်း တိုင်းတာဆောင်ရွက်ခဲ့ကြကြောင်း မြို့စည် ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)