သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆပ်ပြာအမွှေးဆီပြုလုပ်နည်းသင်တန်းဖွင့် 

သရက်ချောင်း မေ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ရာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုဆပ်ပြာအမွှေးဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

သင်တန်းတွင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အဆိုပါသင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် (Book Club)အဖွဲ့ဝင် သင်တန်းနည်းပြဆရာမ ဒေါ်မိသူဇာက သင်တန်းသူများအား လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာရည်ပြုလုပ်မှု အဆင့်ဆင့်နှင့် အသုံးပြုနည်းများကို သင်ကြားပေးခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)