လှိုင်းဘွဲမြို့တွင်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique Indentity ကတ်ပြားများ ပေးအပ် 

လှိုင်းဘွဲ     မေ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး မှ ကြီးမှူး၍  နိုင်ငံတော်အစိုးရ၏   ရက်(၁၀၀)စီမံချက်ကာလအတွင်း     ဆောင်ရွက်ပြီးစီးသည့်   နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (unique Identity) ကတ်ပြားများပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီက  ဒိုင်းပြကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက  အမှာစကား ပြောကြားပြီး  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး  ဦးကျော်မြင့်က နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်သီတာစန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းလွင်၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ဒိုင်းပြကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်သည့် ပြည်သူ(၁၅၀)တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်  UID ကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

စောဒိ( ပြန်/ဆက်)