ပွင့်ဖြူ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အများပြည်သူသွားလာသော မြို့တွင်းမိန်းလမ်းမကြီးနှင့် ပွင့်ဖြူ-မင်းဘူး-မကွေး သွား ကားလမ်းမပေါ်သို့ သစ်ပင်ကြီးများလဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းသိရသဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ အများပြည်သူအန္တရာယ်ကင်းစွာသွားလာနိုင်ရန်အတွက် သွားရောက်ခုတ်ထွင်ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့တွင်း စာတိုက်ရုံးအနီးရှိ တမာပင်ကိုင်းကျိုးကျခြင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းရှေ့ ပွင့်ဖြူ-မင်းဘူး - မကွေးသွားကားလမ်း ဘေး(ဝဲ၊ ယာ)တစ်လျှောက်ရှိ သစ်ပင်များ ပြိုလဲကျခြင်းတို့ ဖြစ်ပွားခဲ့သဖြင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးဆောင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံလုပ်ခြုံရေးတပ်ဖွဲ့ဝင်များစုပေါင်းပြီး အများပြည်သူစိတ်အေးချမ်းသွာစွာ သွားလာနိုင်ရန် စနစ်တကျခုတ်ထွင်ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းမများပေါ်သို့ သစ်ပင်သစ်ကိုင်းများပြိုလဲကျိုးကျမှုကြောင့် အခြားလူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )