နတ်တလင်း မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် NTN TT CLUB၏ နွေရာသီသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက နတ်တလင်းမြို့ မြို့မရပ်ကွက် NTN TT CLUB ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး NTN TT CLUB၏ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊လူငယ်များ စိတ်ပါဝင်စားစွာ အားကစားများလိုက်စားလာစေရန်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆွေးနွေးပြောကြား ခဲ့ကြသည်။ ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများမှ အားကစားသရုပ်ပြခြင်းကို ကြည့်ရှု့အားပေးခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်၊ ခရိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)