ဖြူးမြို့နယ်၌ မိုးစပါး (၁၅၀၉၅၄) ဧက စိုက်ပျိုးနိုင်ရန်လျာထား

ဖြူး မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးနိုင်ရေး (၁၅၀၉၅၄) ဧက လျာထားကြောင်းနှင့် လျာထားစိုက်ဧကပြည့်မီရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

မိုးစပါးအနေဖြင့် ဖြူးမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် အဓိကစိုက်ပျိုးသော မျိုးများဖြစ်သည့် ဆင်းသုခ၊ ရက် (၉၀) မျိုး၊ ရတနာတိုး၊ နှံကောက်၊ အောင်နိုင်တိုးမျိုးများ အဓိကစိုက်ပျိုးကြပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး စပါးမျိုးအခြောက် ကြဲခင်းစနစ်အစား မျိုးစေ့ချကရိယာ Drum Seeder ဖြင့် စိုက်နည်းစနစ်ပြောင်းလဲ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနမှတောင်သူများအား နည်းပညာဖြန့်ဖြူးစည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)