ကျွန်းလှ မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ (ကျွန်းလှ) ၌ ကျင်းပသည်။
အဆိုပါပန်းချီပြိုင်ပွဲတွင် ၂၀၂၆ ခုနှစ်၊ သတ်မှတ်ထားသည့် ဆောင်ပုဒ်များဖြင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)