ပြည်ကြီးမဏ္ဍိုင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြလေ့ကျင့်

ပြည်ကြီးမဏ္ဍိုင်         ဇန်နဝါရီ        ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင် ရပ်ကွက် ရှိ အ.လ.ကကျောင်းတွင် ယနေ့နံနက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှုပြု လုပ်ခဲ့ကြောင်း သိရသည်။

ခြောက်သွေ့ရာသီ ရောက်လာသည်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးသတ်အဖွဲ့ဝင်များက မီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြခြင်း၊ လက်ထောက်မီးသတ် ဦးစီးမှူး ဦးမျိုးမင်းထွန်း က သရုပ်ပြလေ့ကျင့်မှုနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြားရာ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တက်ရောက်ခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း