ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နှမ်းအထွက်နှုန်းကောင်းသော်လည်း နှမ်းဈေးနှုန်းကျဆင်း

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၈

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေသခံများ ကျေးလက်နေပြည်သူများအ နေဖြင့် နှစ်ရှည်ပင်သီးနှံပင်များနှင့် ရာသီအလိုက်သီးနှံပင်များကို အဓိကထားပြီး စိုက်ပျိုးလုပ်ကိုင်လျက် ရှိရာ မိုးနှမ်းနှင့် ဆောင်းနှံကို စုစုပေါင်းဧက တစ်သောင်းရှစ်ထောင်ကျော်ဧကခန့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိ ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုးရာသီတွင် မိုးနှမ်းတောင်ယာနှမ်းကိုစိုက်ပျိုးပြီး ဆောင်းရာသီတွင် လယ်ယာ မြေများ၌ ဆောင်းနှမ်းကို စနစ်တကျစိုက်ပျိုးလုပ်ကိုင်လာကြပြီး အောင်မြင်ဖြစ်ထွန်းကာ ယခုနှစ် တွင် အထွက် နှုန်းမှာလည်း တိုးတက်ကောင်းမွန်လျက်ရှိသော်လည်း နှမ်းဈေးနှုန်မှာ ကျဆင်း လျက်ရှိကြောင်းသိရ သည်။

ယခင်နှစ်များတွင် နှမ်းဈေးနှုန်းမှာ တစ်တင်းလျင် ငွေကျပ်(၇၅၀၀၀)ကျပ်ရရှိ‌ပြီး ယခုနှစ်တွင် နှမ်းတစ် တင်းလျင် ငွေကျပ်(၅၀၀၀၀)ကျပ် ဝန်းကျင်သာ ရရှိခြင်းကြောင့် နှမ်းစိုက်တောင်သူအချို့မှာ ရောင်းချခြင်း မပြုသေးပဲ ဈေးနှုန်းကောင်းပြန်လည်ရရှိရန် စောင့်ဆိုင်းလျက်ရှိကြောင်းသိရသည်။ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းမှ ထွက်ရှိသည့်နှမ်းများကို တောင်သူများမှ မြို့ပေါ်ရှိအဝယ်ဒိုင်များသို့လာ ရောက်ရောင်းချ လျက်ရှိပြီး ၎င်းအဝယ်ဒိုင်များမှ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အဝယ်ဒိုင်များသို့ ပြန်လည် ရောင်းချ ကြောင်းသိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)