ပင်လည်ဘူး ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး မြို့နယ် အဆင့် အစည်းအဝေးပြုကို ဇန်နဝါရီလ ၁၈ရက်နေ့ နေ့လယ် ၁၁ နာရီ ခွဲအချိန်က မြို့နယ်အထွေထွေ အုပ်အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်အဆင့် Coronavirus Disease 2019 (COVID -19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းနောင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စံလင်း၊မြို့နယ်စီမံကိန်း ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များတက်ရောက်ကြပြီး Stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လာသော နေရပ်ပြန်များ/ ခရီးသွားများအား မိုးကောင်းရပ်ကွက် မြို့မ(၁) CBFQC စင်တာတွင် ထားရှိမ ည်ဖြစ်ပြီး၊ အခြားမြို့နယ်များမှ နေရပ်ပြန်များ/ ခရီးသွားများအား အထက-ပင်လည်ဘူး CBFQC စင်တာတွင် ထားရှိသွားမည်ဖြစ်ကြောင်း ၊ ပင်လည်ဘူး- ဖောင်းပြင်သွားလမ်းတွင်ထားရှိသော တပ်ကုန်းဂိတ်၊ ပင်လည်ဘူး- ကောင်းလင်းသွားလမ်းတွင် ထားရှိသော ရွာသာယာဂိတ် နှင့် မြို့အဝင်ဂိတ်များမှ တာဝန်ရှိသူများက မြို့အဝင်ခရီးသွားများအား အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက် )