ရွှေကျင် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့များပူးပေါင်း၍ စာရေးဆရာဝတ်ရည်ခင်(ပဲခူး) ရေးသားသည့် "ရွှေရောင်ခေတ်၏ ရတနာလေးများနှင့် ကလေးဝတ္ထုတိုများ" စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး စာပေများကို လေ့လာဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုများတိုးပွား၍ စာပေချစ်သူများတစ်ဦးနှင့်တစ်ဦး ပြန်လည်မျှဝေခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသော (Book Club)အဖွဲ့ဝင်တို့က "ရွှေရောင်ခေတ်၏ ရတနာလေးများ နှင့် ကလေးဝတ္ထုတိုများ" စာအုပ်ပါ အကြောင်းအရာများကို မိမိတို့ဖတ်ကြားလိုသည့် ခေါင်းစဉ်အလိုက် ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များကလည်း ခေါင်းစဉ် တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)