စေတုတ္တရာမြို့နယ်၌ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

စေတုတ္တရာ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေသအတွင်းငှက်ဖျား ရောဂါနှင့်သွေးလွန်တုတ်ကွေးရောဂါများဖြစ်ပွားမှုလျော့နည်းပပျောက်စေရန် မြို့နယ်အတွင်းရှိကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း ပိုးလောက်လန်းနှိမ်နင်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တပွင်ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲလက်အောက်ရှိ ကျေးရွာများတွင် ဒေသတွင်း ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ လျော့နည်းပပျောက်စေရေး ကျန်းမာရေးဆရာမများက အသိပညာပေးဟောပြောခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လန်းရှိ/မရှိ စစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ကျေးရွာများအတွင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)