ပန်းတနော် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များရွေးချယ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာ ပေးဆွေးနွေး ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအား ဥပဒေနှင့်အညီ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့များအား တတိယအကြိမ် ပြင်ဆင်ရေးဆွဲ ထားသည့် ရပ်ကွက ်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေး ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပန်းတနော်)