ထားဝယ် မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့ဌာနခွဲက ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းကို ဖွင့်လှစ်သည်။
သင်တန်းတွင် ခရိုင်မျိုးစေ့တာဝန်ခံ ဦးမျိုးနောင်နောင်ဦးက မျိုးစေ့ထုတ်လုပ်ခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ လိုက်နာရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသော တောင်သူများနှင့်မေးမြန်းဆွေးနွေးသည်။
သင်တန်းသို့ ခရိုင်မျိုးစေ့တာဝန်ခံနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အတွင်း ၄ မြို့နယ်မှ မိုးစပါး မျိုးစေ့ ထုတ်စိုက်ပျိုးသော တောင်သူ များတက်ရောက်သည်။
ငွေဇင်ယော်(ထားဝယ်)