သရက် ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ သရက် မြို့နယ် ဧရိယာဝန်းကျင်ရှိ ဧရာဝတီ မြစ်ရေ အရည်အသွေးစောင့်ကြည့်တိုင်းတာခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက ခရိုင်ဦးစီးအရာရှိ ဦးလန်းဆန်းနှင့် ဝန်ထမ်းများအဖွဲ့မှ ဧရာဝတီမြစ် အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဧရာဝတီမြစ်အတွင်းရေထုအရည်အသွေးများကို စောင့်ကြည့်တိုင်းတာခြင်းလုပ်ငန်း များ ဆောင်ရွက်ရခြင်းမှာ ရေထု အရည်အသွေးဆိုင်ရာအချက်အလက်များကို စနစ်တကျကောက်ယူ မှတ်တမ်းပြုစုထားနိုင်ရန်၊ ကောက်ယူရရှိသည့် ရေထု အရည်အသွေးဆိုင်ရာ အချက်အလက်များကို အစီရင်ခံတင်ပြနိုင်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်ဝန်း ကျင် အရည်အသွေး စံချိန်စံညွှန်းများရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန်၊ ပတ်ဝန်းကျင် ဆိုင်ရာ ညစ်ညမ်း မှုများကို ရှောင်လွှဲနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်သည်။ ရေထုအရည်အသွေး စောင့်ကြည့် တိုင်းတာခြင်းလုပ်ငန်းများကို သရက်မြို့ ရွှေသက် လွတ်ဘုရားအနီးရှိ မြစ်ရေနှင့် သရက်- အောင်လံ ဧရာဝတီမြစ်ကူးတံတား အထက်ရှိ မြစ်ရေတို့ အား တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)