ကျောက်ထုမြို့ဒေသတွင် ဆောင်းမြေပဲများစိုက်ပျိုး

ကျောက်ထု  ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် မကွေး(၁၆ ) ဆောင်းမြေပဲ မျိုးသန့်မျိုးပွားစိုက်ခင်းအား မင်းကြည့် ကျေးရွာအုပ်စုရှိ လယ်ယာမြေကွင်းအမှတ်  (၉၀) ဦးဘိုဝင်း လယ်ယာမြေတွင် သဘာဝမြေ‌ဆွေးနှင့် နွားချေးဖြင့် ရောစပ် ထည့် သွင်းကာ ထွန် ယက်ပြီး ကွန်ပေါင်း ဓာတ်မြေဩဇာများထည့်သွင်းကာ စိုက်ပျိုးထားသည်။

ထိုသို့စိုက်ပျိုးကြရာတွင် ကျောက်ထုမြို့ရှိစိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းကာ ပညာပေးဆွေးနွေးလျက်ရှိသည်။ ဆောင်းမြေပဲများစိုက်ပျိုးကြရာတွင် တစ်ဧကလျှင် မျိုးစေ့ (၃၂)ပြည် စိုက်ပျိုး ရပြီး ယခင်နှစ်မှတ်တမ်းအရ တစ်ဧကလျှင် အထွက်နှုန်းတင်း ပေါင်း(၈၀) ထွက်ရှိကြောင်း ကျောက်ထုမြို့ စိုကု်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့်ပြောပြချက်အရ သိရ သည်။

ဒေသရှိမြေပဲပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင်ငွေကျပ်(၁၂၀၀၀) ဈေးရှိပြီး ဒေသတွင်း ရောင်းချသည့် အပြင် ထပ်ဆင့်၍အခြားဒေသများသို့လည်း ဖြန့်ဖြူး၍ရောင်းချလေ့ရှိကြောင်း သိရသည်။   

မောဟေမာန်(ပြန်/ဆက်)