မော်လမြိုင်ကျွန်း မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရေယာဥ်များအား ယမန်နေ့မွန်းလွဲပိုင်းက တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဥ်အမည် MV ရွှေလမင်း (၅)အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်၊ မြို့နယ်အခွန်ဦးစီးဌာန ဝန်းထမ်း၊ ပုဂ္ဂလိကရေယာဥ် စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်တို့က မော်လမြိုင်ကျွန်းမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သို့ ထွက်ခွာမည်ဖြစ်သော MV ရွှေလမင်း (၅) ရေယာဥ်တွင် မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်များမှ ဆန် (၉၁၀၀) အိတ်၊ ကောက်ညှင်း (၉၀၀) အိတ် စုစုပေါင်း (၁၀၀၀၀) အိတ်တို့ကို စနစ်တကျတင်ဆောင်ထားရှိပြီး သတ်မှတ်ထားသော ဆန်အိတ်အရေအတွက်ကိုသာ တင်ဆောင်ရန်၊ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်သောကုန်စည်များ၊ လက်နက်ခဲယမ်းများ တင်ဆောင်ခြင်းမပြုရန်နှင့် ဥပဒေနှင့်မလွတ်ကင်းသော မည့်သည့်ကုန်ပစ္စည်းများမဆို ဖြန့်ဖြူးရောင်းချ သယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်ကြရန်နှင့် ရေယာဥ်လိုင်စင်များ ဆောင်ထားခြင်း ရှိ/မရှိ၊ ရေယာဥ်လုပ်သားများ နိုင်ငံသားမှတ်ပုံတင်များ ကိုင်ဆောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ၎င်းရေယာဥ်မှ တာဝန်ခံများအား မှာကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ ဆက်)